မင်္ဂလာပါရှင့်။ အီလက်ထရောနစ်နည်းပညာဌာနမှ ကြိုဆိုပါတယ်ရှင့် ။ အစိုးရနည်းပညာအထက်တန်းကျောင်း အီလက်ထရောနစ်သင်တန်းမှ အခြေခံ အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုနည်း၊ ကောင်း/မကောင်း စမ်းသပ်နည်း၊ ခဲဆော်နည်းနှင့် မီတာတိုင်းတာနည်းများ သင်ကြားပေးပါသည်။ ၎င်းအပြင် အခြေခံဆားကစ်တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း များကိုလည်း သင်ကြားပေးပါသည်။
အီလက်ထရောနစ်သင်တန်း တက်ရောက်ပြီးပါက ကျောင်းသား/သူများသည် လက်တွေ့ကျွမ်းကျင်မှုများ ရရှိပြီး အီလက်ထရောနစ်ပစ္စည်းများ အသုံးပြု၍ အီလက်ထရောနစ်ဆားကစ်များကို တပ်ဆင်နိုင်လိမ့်မည်။
အမည် | ရာထူး | ပညာအရည်အချင်း |
---|---|---|
ဒေါ်စန်းလဲ့မော် ( ဌာနမှုး ) | ကထိက | (B.E (အီလက်ထရောနစ်) |
ဒေါ်စန်းစန်းမော် | စက်မှုကျွမ်းကျင်_ ၁ | A.G.T.I (အီလက်ထရောနစ်) |
ဒေါ်ငြိမ်းငြိမ်းဌေး | စက်မှုကျွမ်းကျင်_ ၄ | A.G.T.I (အီလက်ထရောနစ်) |